ကျိုက်ထို ဇူလိုင် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆ ခုနှစ် (မိုးရာသီ) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီ တွင် ကျိုက်ထိုမြို့ မြို့ရှောင်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က အမှာစကားပြောကြားပြီး အမှတ် (၂) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးအောင်မြင့်ထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင့်လွင်နှင့် မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်တို့က စိုက်ပျိုးမည့်ပျိုးပင်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ထံ ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ အမှတ် (၂) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးအောင်မြင့်ထွန်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၈၁၇) ဦးတို့က ပျိုးပင်ပေါင်း ၅၀၀ ပင်ကို တပျော်တပါးစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)