ကျိုက်ထိုမြို့နယ်တွင် လောင်းကစားမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျိုက်ထို ဇူလိုင် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ဥပ‌ဒေရုံးတို့ပူးပေါင်း၍ လောင်းကစားမှု လျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

 ဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဦးက အဖွင့်အမှာစကားပြော ကြားပြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာဦးကအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့် လောင်းကစားမှု လျော့နည်းပပျောက်ရေးကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထင်အောင်က လောင်းကစားမှုနှင့်ပက်သက်သည့် ဥပဒေများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရဲညွန့်ထွေးက သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးမှုများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျိုက်ထိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)