စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၁၀

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင် ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းမှ တာဝန် ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင် သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး  ဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူက စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် သင်တန်း မှတ်တမ်း ဓာတ်ပုံများ၊ နံရံကပ်ကဗျာများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးများစသည်တို့ကို လှည့်လည် ကြည့်ရှု အားပေးသည်။

အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦးဖြင့် ရက်သတ္တပတ်(၁၀)ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)