သတင်းများ

မြဝတီမြို့၌  ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေး
Feb 11,2025
ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ   ပြည်သူများအနေဖြင့်    ပြည်သူ့စစ်မှုထမ်းဥပဒေ၊  နည်းဥပဒေများနှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးပွဲကို  ဖေဖော်ဝါရီ ၁၀ ရက်က  အမှတ်(၁) ရပ်ကွက်၊ စနေဆွမ်းလောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
သန်လျင်၌ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်လှစ်
Feb 11,2025
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အားဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော မင်္ဂလွန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါလမ်းသစ်ရှင်းလင်းဆောင်၌ ကျင်းပသည်။
ညောင်လေးပင်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Feb 11,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်) ဖိုးတုပ္ပုံရွာဟောင်းကျောင်းနှင့် ရွာမကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ
Feb 11,2025
တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင်အသိပညာ ပေးဖြန့်ဝေပေးလျက်ရှိသည်။
သန်လျင်၌ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာအဝင်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
Feb 11,2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် အဆိုပါလမ်းထိပ်ရှိ မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပုံပြောပြိုင်ပွဲကျင်းပ
Feb 11,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ​မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန် ၌လူထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲပြုလုပ်
Feb 11,2025
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ 
လိပ်သိုဒေသခံများ တောင်ပေါ်ချင်းတက်များကို တိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် အပိုဝင်ငွေများရရှိ
Feb 11,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံတောင်သူအချို့မှာ တောင်ပေါ်ချင်းတက်များကို တိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိနေကြောင်း သိရသည်။