ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းရှိ မူကြိုကျောင်းသား/ သူများအား မြန်မာကလေးများနေ့အထိမ်းအမှတ် သင်ထောက်ကူ ပစ္စည်းများနှင့် ကလေးကစားစရာပစ္စည်းများ လှူဒါန်း

ပဲခူး ဖေဖော်ဝါရီ ၁၁

ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် () မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးထံ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများနှင့် မူကြိုကျောင်းသား/ ကျောင်းသူလေးများအား ကစားစရာလက်ဆောင်ပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် စာပေဥယျာဥ်စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်သို့ လာရောက်စာဖတ်ကြသည့် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်အတွင်းရှိ စာဖတ်ဝါသနာရှင်များနှင့် တွေ့ဆုံကာ မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့သနပ်ခါးအကြောင်း စာပေစကားဝိုင်းဆွေးနွေးခဲ့ကြပြီး စာပေဆွေးနွေးပွဲသို့ လာရောက်ကြသူများအား သနပ်ခါးထုပ်များ လက်ဆောင်ပေးခဲ့ပြီး စာကြည့်တိုက်သို့ သုတ၊ ရသစာအုပ်၊ စာစောင်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)