အုတ်ဖို ဖေဖော်ဝါရီ ၁၁
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကလေးများနေ့ကိုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးများနေ့အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် အုတ်ဖိုမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူကြိုကြီးကြပ်မှုကော်မတီ အကြံပေးပုဂ္ဂိုလ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းမှ အဖွင့်အမှာစကားပြောကြားပြီး မူကြိုကျောင်းများကြီးကြပ်မှုတာဝန်ခံကျောင်းအုပ်မှ ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မူလတန်းကြိုကျောင်းများနှင့်မိခင်ဝိုင်းများမှ သားငယ်သမီးငယ်များက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)