လှိုင် ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် (၁၆) ရပ်ကွက် စိန်ဂေဟာကုန်တိုက်အတွင်း၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အဆိုပါ ကုန်တိုက်အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မရမ်းကုန်းခရိုင် မီးသတ်ဦးစီးမှူးမှ ကုန်တိုက်အတွင်း မီးဘေးလုံခြုံရေး လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျကြိုတင်ဆောင်ရွက်ထားရှိရန်တို့ကို ပညာပေးဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုမှု မီးငြိမ်းသတ်နည်းကို ရှင်းလင်းပြသကာ လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့သည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ပုံကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားများက ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းကုန်းခရိုင် မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)