သနပ်ပင်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၁၈)နှစ်အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

သနပ်ပင် ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်က Lucky Fish ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်သန်းသန်းဆွေက အားကစားသမားအချင်းချင်း ရိုင်းပင်းကူညီပြီး အားကစားသမားစိတ်ဓာတ်အပြည့်ဖြင့် ယှဥ်ပြိုင်ကစားသွားကြရန်နှင့် ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများအား ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်(၁၂)သင်းဖြင့် ဖေဖော်ဝါရီ(၈)ရက်နေ့မှ ဖေဖော်ဝါရီ(၁၂)ရက်နေ့ထိ(၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)