တံတားဦး ဖေဖော်ဝါရီ ၁၃
၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈) နာရီခွဲ အချိန်က အဆိုပါကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများအား ကျေးရွာသူ/သားများကိုယ်စား ဦးရွှေရိုး+ဒေါ်မိုးအဖွဲ့က ဧည့်ခံဖျော်ဖြေပေးပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဦးရွှေရိုး+ဒေါ်မိုးအဖွဲ့အား ဆုငွေများ ချီးမြှင့်ပေးသည်။ ဆက်လက်၍ “ရွှေအိမ်စံ” စာကြည့်တိုက်အဆောက်အအုံသစ်အား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးသန်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဒုရဲမှူးကြီး ခင်မောင်ဇော်၊ အလှူရှင် ဦးဝင်းကျော်တို့က စာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ စာကြည့်တိုက်အဆောက်အအုံသစ်အကျယ်မှာ အလျား(၂၀)ပေ၊ အနံ(၁၉)ပေ၊ အမြင့် (၁၂)ပေဖြစ်ပြီး နိုင်ငံတော်မှ မတည်ငွေ ငွေကျပ်သိန်း(၁၅၀)ကျပ်၊ အလှူရှင်စေတနာ ရှင်များမှ ထည့်ဝင် လှူဒါန်းငွေသိန်း (၁၀၀)ကျပ်၊ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း (၂၅၀)ကျပ်ဖြစ်ကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)