လဲချားမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော နောင်ခမ်းကန်သာယာလှပရေးအတွက် ကန်ပတ်လည်လမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

လဲချား ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သော နောင်ခမ်းကန်သာယာလှပ​ရေးအတွက် ကန်ပတ်လည်လမ်းခင်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ နောင်ခမ်းကန်အား ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်သည့်အပြင် အထင်ကရနေရာဖြစ်သည့်အတွက် ပြည်သူများ အပန်းဖြေအနားယူနိုင်ရေးနှင့် ကန်ပတ်လည်သန့်ရှင်းသာယာရေးအတွက် ရည်ရွယ်၍ လဲချားမြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများက အလှူတော်ငွေများမတည်၍၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အလှူငွေများထည့်ဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)