တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မူကြိုကျောင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကလေးများ ပျော်ပွဲ၊ ရွှင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပျော်ပွဲ၊ ရွှင်ပွဲအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများက ဦးဆောင်ကြီးကြပ်ပြီး မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ကာယ၊ ညဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ကလေးသူငယ်များအားလုံးအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)