ကျောက်ဆည် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး Steel Structure ကျောင်းဆောင်အသစ် တစ်ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောက်လုပ်သော ကျောင်းဆောင်သစ်သည် (၁၉၇၅) ခုနှစ်၌ ဆောက်လုပ်ခဲ့သည့် အန္တရာယ်ရှိ စာသင်ကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာယူနိုင်ရေး အလျား (၆၀) ပေ၊ အနံ (၃၀) ပေ Steel Structure ကျောင်းအဆောင်အသစ်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၉၅.၄၀၀) ကျပ်သန်းဖြင့် ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလျား (၃၈၂) ပေ၊ အနံ (၁၁၂) ပေ၊ ဧရိယာ (၀.၉၁) ကျယ်ဝန်းပြီး ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ်တွင် KGတန်းတွင် ကျောင်းသား/ကျောင်းသူ(၁၈)ဦး၊ GRADE-1 တန်းတွင် (၁၅) ဦး၊ GRADE-2 တန်းတွင် (၁၃) ဦး၊ GRADE-3 တန်းတွင် (၂၁) ဦး၊ GRADE-4တန်းတွင် (၂၂) ဦး၊ GRADE-5 တန်းတွင် (၁၃)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၀၂) ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သက်မောင်