ပုသိမ်ကြီးမြို့နယ်တွင် ဘဝအသိ စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ မိုင်ကုန်းကျေးရွာတွင် ဘဝအသိ စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ယနေ့နံနက် ၁၀နာရီက အဆိုပါစာကြည့်တိုက်သို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူ၊ မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့်တကွ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ စာကြည့်တိုက်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး၊ အလျား ၃၀ပေ၊ အနံ ၂၀ပေ၊ အမြင့် ၁၂ပေ နံကပ်တိုက်အား အလှူရှင်စာရေးဆရာမကြီး ဒေါ်အေးအေးခိုင် (ပညာရေး) က ငွေကျပ်သိန်း (၁၅၀) ဖြင့် မတည်ကာ မိုင်ကုန်းကျေးရွာ ဒေသခံပြည်သူများမှလည်း ထည့်ဝင်အလှူငွေများဖြင့် စုစုပေါင်းသိန်း (၂၂၀) ကျပ် အကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း စာကြည့်တိုက် ကော်မတီနာယက ဦးရန်ရှင်းထံမှ သိရသည်။  

ဇာနည်ကိုကို