မိုင်းယောင်းမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယောင်း ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူ ကလပ်အသင်းအဖွဲ့များသည် ယနေ့နံနက် ၈ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်းစာအုပ်မှ  လူ့ဘဝတန်ဖိုးအကြောင်းကို ဦးဆောင်ဖတ်ကြားသည်။

ထို့နောက် Book Club မှ မဝင်းသဇင်နှင့် မလင်းလက်မေက ဘဝထဲကသင်ခန်းစာအကြောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက ယုံကြည်မှု၏ အားသာချက်အကြောင်း၊ Youth Club မှ မောင်လမင်းသော်နှင့် မောင်စိုင်းဆိုင်ခမ်းတို့က စိတ်ဓာတ်ကောင်းအောင်နေပါ အကြောင်းတို့ကို ဖတ်ကြားခဲ့ကြပြီး မိမိတို့ဖတ်ခဲ့သည့်အကြောင်းအရာနှင့် စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)