မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သော အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက အခြေခံစာကြည့်တိုက်ပညာသင်တန်းတန်း ဖွင့်လှစ်ပို့ချပေးရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး သင်တန်းတွင် စာကြည့်တိုက်ပညာရပ် ၁၀ မျိုး၊ စာကြည့်တိုက်မိတ်ဆက်၊ ကတ်သလောက်လုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ စာကြည့်တိုက်စီမံခန့်ခွဲရေး၊ စာစုစာပြု စသည့်လုပ်ငန်းများကို ပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ အဆိုပါသင်တန်းကို နည်းပြ ၄ ဦးက သင်ကြားပို့ချပေးမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၂၀ ဦးခန့် တက်ရောက်သင်ကြားမည်ဖြစ်ရာ သင်တန်းကာလမှာ ၁၃-၂-၂၀၂၅ ရပ်နေ့မှ ၁၇-၂-၂၀၂၅ ရက်နေ့ထိ ၅ ရက်ကြာပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)