လဲချား ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကလေးငယ်များစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန် ကလေးစာဖတ်ခန်း Activities ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးစာဖတ်ခန်း Activities တွင် ဒုတိယဦးစီးမှူး ဒေါ်ဟေမွန်ဦးက ကလေးများအား ရုပ်ပုံများ ဆေးရောင်ခြယ်ခြင်းနှင့် ဖဲကြိုးပန်းအလှခေါက်ခြင်းများ သင်ပြပြီး လိုက်ပါဆောင်ရွက်စေခဲ့ရာ ကလေးငယ်များမှ ပျော်ရွှင်၍ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)