လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

လှိုင် ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ကျောင်းသား/သူများ စာလုံးပေါင်းသတ်ပုံအသုံးအနှုန်းမှန်ကန်ရေးနှင့် အသံထွက်မှန်ကန်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေး စသည့်အရည်အသွေးများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ အခြေခံစာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းဆရာနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညိုထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က ကျောင်းသား/သူများအနေဖြင့် မြန်မာစာအခြေခံကောင်းဖို့လိုကြောင်းနှင့် စာစီစာကုံးသည်အဓိကကျကြောင်းကို ​ရှင်းလင်းပြောကြားခဲ့သည်။

ယနေ့ ဖွင့်လှစ်သည့် သင်တန်းသို့ သင်တန်းသား(၁၅)ဦး တက်ရောက်ကြပြီး စာရေးဆရာ ဦးမင်းဆက်ပိုင်၊ ဦးသန်းကျော်နှင့် ဦးစီးအရာရှိ ဦးညိုထွန်းက စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးမည်ဖြစ်ပြီး (၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်ဇော်နိုင်