ဒိုက်ဦး ဖေဖော်ဝါရီ ၁၄
ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ဓမ္မာရုံ၌ "သစ်တောထိန်းသိမ်းရေး၊ ရေသံယံဇာတထိန်းသိမ်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အစီအစဥ် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲသို့ ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်းအောင်မှ သစ်တောသစ်ပင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးလွင်မိုးအောင်မှ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန့်ဇင်အောင်မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူလျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း ပညာပေးဟောပြောခဲ့ရာ အ-လ-က(ဒိုးတန်း)ကျေးရွာမှ ကျောင်းအုပ်ဆရာမကြီးပါ(၃)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ဒိုးတန်းကျေးရွာရာအိမ်မှူး ဦးကြည်ဝင်းပါ(၄)ဦး၊ ဖိတ်ကြားထားသည့် ဒေသခံပြည်သူ(၂၀)ဦး၊ မီးသတ်ဌာနမှ (၃) ဦးနှင့် ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၆၀)ဦးတို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)
