ဒလမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနကျောင်းတွင် မီးဘေးအန္တရာယ်နှင့် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်

ဒလ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးဘေးအန္တရာယ်နှင့်သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနအဖြစ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးအောင်သူက ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် မီးလောင်မှုဖြစ်ပွားစေနိုင်သောအချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျကိုင်တွယ်ငြှိမ်းသတ်နိုင်ရေး နည်းလမ်းများ၊ မီးဘေးဆိုင်ရာ အသိပညာများကို အသေးစိတ်ဆွေး‌နွေးဟောပြောခဲ့သည်။ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့၀င်(၃)ဦးတို့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လောင်စာဆီမီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဆေးဘူးဖြင့်အရေးပေါ် မီးငြှိမ်းသတ်ခြင်း၊ ရေစိုအ၀တ်ဖြင့်အရေးပေါ် မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြကာလက်တွေ့သင်ကြားလေ့ကျင့်ပေးခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်၊ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်၀န်ထမ်းများ၊ မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)