ကန့်ဘလူ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီက စေတီတော်လိုဏ်အတွင်း၌ကျင်းပရာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြပြီး ဗုဒ္ဓရုပ် ပွားတော်များအား ရွှေသင်္ကန်းကပ်လှူပူဇော်ကြသည်။ ယင်းနောက် မြို့ရှေ့ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝနထံတော်မှရှစ်ပါးသီလခံယူဆောင်တည်ပြီး ဆရာတော်များရွတ်ပွား သရဇ္စျယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရာတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နတ်ပေးကျောင်း တိုက် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသထံမှ လှူဒါန်းမှုအစုစုတို့ အတွက် သာဓုအနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
