ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောဆွေးနွေး

တောင်ကြီး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် Geade – 12 ကျောင်းသား/ကျောင်းသူ (၃၃၇၄) ဦးတို့အား ဘာသာရပ် ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲကို တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာပါမောက္ခများမှ သက်ဆိုင်ရာကျောင်းအသီးသီးတွင်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးရာ ဟောပြောပွဲသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး၍လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်၊ ပြည်နယ်(ပြန်/ဆက်)