သတင်းများ

အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်
Jun 03,2021
ကျေးလက်နေပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုတနိုင်တပိုင်ဝင်ငွေ မြှင့်တင်ရေး၊ ခေတ်မီနည်းပညာများ၊ အသိပညာပြန့်ပွားစေရေးအတွက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲ က အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ စာဖတ်ဝိုင်းပြုလုပ်
Jun 03,2021
ဝန်ထမ်းများ စာဖတ်သည့်အလေ့အထများရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများစာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နေ့လည်(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံး Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ လစဉ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 03,2021
မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုလဲမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ စတင် ထုတ်ချေးပေး
Jun 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် လယ်ယာထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ်ရိက္ခာ ဖူလုံရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင် တင်ပို့နိုင်ရေး၊ တောင်သူလယ်သမား များ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ ၂၀၂၁ခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID - 19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဇွန် ၃ရက်မှ စတင်၍ စနစ် တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 03,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
ညောင်ရွှေစာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို
Jun 03,2021
အစိုးရဓမ္မာစရိယစာမေးပွဲ တတိယနေ့ (သီလက္ခန္ဓ ဘာသာရပ်) ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် (၁၂) နာရီက  ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအတွက် ကျွန်းနှင့် အခြားအရိပ်ရ ပျိုးပင်ပေါင်း ၃၅၀၀၀ ကျော်ပျိုးထောင်ထားရှိ
Jun 03,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကျေးလက်နေပြည်သူများ
ချောင်းဆုံမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေဘဏ်ခွဲတွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
Jun 03,2021
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ ကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ပိုင်းကစတင်၍ အဆိုပါဘဏ်ခွဲတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။