တိုက်ကြီး ဇွန် ၃
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ဇွန် လ ၁ ရက်နေ့ မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တတိယမြောက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ အတန်း အလိုက် သင်ခန်းစာများ သင်ကြား ပို့ချပေး လျက် ရှိသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၃၀၇)ကျောင်း၊ ကိုယ်ပိုင် ကျောင်းပေါင်း(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း(၄)ကျောင်း၊ စုစုပေါင်း (၃၂၁)ကျောင်း တို့တွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင် ကြားလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြား လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး အတွက် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၊ မြို့နယ် အခြေခံ ပညာရေးဦးစီးဌာန နှင့် တာဝန်ရှိသူ များက ကျောင်းအတွင်း ကျောင်းအပြင် ပတ်ဝန်း ကျင် လုံခြုံမှုရှိစေရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခင်နှင်းသက်(ပြန်/ဆက်)