မော်လမြိုင်မြို့၌ စာဖတ်ဝိုင်းပြုလုပ်

မော်လမြိုင် ဇွန် ၃

ဝန်ထမ်းများ စာဖတ်သည့်အလေ့အထများရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများစာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နေ့လည်(၁)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံး Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မော်လမြိုင်ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူဝင်းက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ ခွင့်အမျိုးအစားများနှင့် ခွင့်တင်ပြတောင်းခံရာတွင် လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်−၃ ဒေါ်နှင်းနန္ဒာအောင်က ဝန်ထမ်း စည်းကမ်း ဆိုင်ရာပြစ်မှုများ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထိုသို့စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များ ရရှိလာခြင်း၊ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေကာ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေသည့် အကျိုးကျေးဇူးများရရှိစေပြီး စာဖတ်ဝိုင်းအား အပတ်စဉ် ကြာသပတေး နေ့တိုင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။