ရန်ကုန် ဇွန် ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှ စတင်ဆောင်ရွက်ပေးလျက် မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ (၂၇၇၉၂) ဦးရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ရန်ကျန်ရှိသူ (၄၄၀၀) စိစစ်ရေးကတ်များ ထုတ်ပေးခြင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများအား ရပ်ကွက်အလိုက် စာရင်းကောက်ယူ၍ မူလဒေသများနှင့် ဆက်သွယ်စိစစ်၍ မှန်ကန်သော အိမ်ထောင်စုများအား မူလမြို့နယ် စာရင်းမှလျော့ချ၍ အိမ်ထောင်စု ဇယားများ ထုတ်ပေးခြင်း၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲအောင် ထံမှ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ပုဇွန်တောင်မြို့နယ်ရှိ ဝန်ထမ်းများမှ နည်လှည့်ကွင်းဆင်းပြီး ၂၀၂၁ ခုနှစ် မေလ ပထမပတ်မှ စ၍ ၁၈ လ အချိန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
မြတ်သီရိ (ပြန်ဆက်)