လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကျောင်းဖွင့်ရက်တွင် ကျောင်းသားကျောင်းသူများ တက်ရောက် ပညာသင်ကြား လျက်ရှိ

 

လှိုင်သာယာ (အရှေ့ပိုင်း) ဇွန်-

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ()ရက်နေ့မှ ကျောင်းများ ဖွင့်လှစ်ရှိရာ ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ အမှတ်()ရပ်ကွက် ..က ကျောင်း တွင် ..၂၀၂၁ ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက် ပညာ သင်ကြားလျက်ရှိသည်။ ယခုအချိန် တွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိ သည်။

အဆိုပါ  ကျောင်းဖွင့်ရက်   ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက်    အမှတ်() ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်တင် နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား မိဘကော်မတီများ၊ ဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက်ဝတွင် အပူချိန်တိုင်းခြင်း၊ Mask နှင့် Face Shield များ တပ်ဆင်စေခြင်း၊ လက်ဆေး ခြင်းများ၊ကျောင်းဝင်းအတွင်းနှင့်အပြင်  လုံခြုံရေးများ၊ကျောင်းသား၊ကျောင်းသူများကို  ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနှင့်ညီညွတ်မှုရှိ/မရှိ စသည်တို့ကို ကြည့်ရှု့စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း  အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံ ပညာ အထက်တန်း ကျောင်းခွဲ၊ အလယ်တန်းကျောင်း နှင့်မူလ တန်းကျောင်း စုစုပေါင်း(၂၇) ကျောင်းရှိပြီးကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ ကြောင်းသိရသည်။

ခင်ဝင်းမူ-ပြန်/ ဆက်