ဆိပ်ဖြူမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ဆိပ်ဖြူ  ဇွန် ၈

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ဇွန်လ ၅ ရက်နေ့ ည၈နာရီအချိန်ခန့်က ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ (၆)ရွာမှ လူနေအိမ် (၇၂)လုံး အိမ်အမိုးလန် ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံး ပြိုကျ ပျက်စီးခဲ့ပြီး လေဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ယနေ့ နံနက် ၉ နာရီက တောင်ရွာမကျေးရွာအလယ်တန်းကျောင်းနှင့် အရှေ့ကံတွင်းကျေးရွာ အထက်တန်းကျောင်း တို့တွင် သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

 

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ကျော်အေးက လေဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများကို အားပေးစကားနှင့်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပြောကြား ပေးသည်။ ထို့နောက် လေဘေးအန္တရာယ်ကြောင့် အိမ် အမိုးလန် (၇၂) အိမ်ထောင်စုနှင့် နေအိမ်တစ် လုံးပြိုကျခဲ့သည့် အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကထောက်ပံ့ပေးအပ်သည့် လူဦးရေ (၂၉၆) ဦးအတွက် တစ်ပတ်စာ ဆန်၊ ရိက္ခာ ထောက်ပံ့ငွေ  ၊ အိမ်ဆောက် ပစ္စည်း ထောက်ပံ့ငွေများနှင့် ပြိုကျနေ အိမ်အတွက် ထောက်ပံ့ငွေ (၁)သိန်းနှင့် အသုံး အဆောင်(၁၆) မျိုးအပါအဝင် (၃၃၃၂၆၀၀)ကျပ်တို့ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးအောင်ကျော်အေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်း ၊မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်နွယ်ဦးနှင့် တာဝန်ရှိသူများက လေဘေးအန္တရာယ် သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိသည်။

 

 

ကိုဇွဲ(အညာမြေ)