ဇမ္ဗူသီရိ ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် (၁၂) နာရီတွင် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပလျက်ရှိသည်။
ထိုသို့ ဖြေဆိုနေမှုများအား မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ် ဆောင်ရွက်ကြသည်။ အဆိုပါ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် အကြီးတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ (၁၁) ပါး၊ အလတ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ (၂၃) ပါး၊ လူပုဂ္ဂိုလ် (၂) ဦး၊ အငယ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ (၄၃) ပါး၊ လူပုဂ္ဂိုလ် (၆) ဦး၊ အခြေပြုမူလတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ (၄၁) ပါး၊ လူပုဂ္ဂိုလ် (၃) ဦး၊ စုစုပေါင်း စာဖြေသံဃာ (၁၁၈) ပါးနှင့် လူပုဂ္ဂိုလ် (၁၁) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)