​တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

တောင်ငူ ဇွန် ၈

ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်း စွမ်းဆောင် ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံး လူထုအ​ခြေပြုဗဟို ဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင် ဦးစီးအရာရှိ ဒေါ်စမ်းစမ်း​အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်​ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက မေလ ၂၇ ရက်နှင့် မေလ ၂၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှ ပါရှိသည့် ခင်မောင်ညို (ဘောဂဗေဒ) ၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ ဘဝတွင် “ပိုကောင်းအောင်နေနည်း” ဆောင်းပါးကို ဖတ်ရှုဆွေးနွေးကြရာ ဆောင်းပါး၌ ပါရှိသည့် အောင်မြင်ရန် အတွက် အခွင့်အရေးများ၊ ထိပ်ဆုံးသို့ ရောက်နိုင်မည့် အကောင်းဆုံးနည်းများ၊ ခြေလှမ်းခြောက်လှမ်း လှမ်း၍ အောင်မြင်မှုရရှိမည့်နည်းများ၊ အောင်မြင်ရန်အတွက် လိုအပ်သည့် အရည်အ​သွေးများ၊ အရည် အချင်းများ အကြောင်း၊ မှန်ကန်သည့် စိတ်နေစိတ်ထားများနှင့် အလုပ်လုပ်ချင်စိတ်များစွာရှိသင့်သည့် အကြောင်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာခြင်း၊ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေကာ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားစေသည့် အကျိုးကျေးဇူးများ ရရှိစေပြီး စာဖတ်ဝိုင်းအား အပတ်စဉ်တိုင်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်