နေပြည်တော် ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းသည်။
အစည်းအဝေးတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဥတ္တရသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ) ဦးရဲမြတ်သိန်း က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် အမျိုးသမီးကော်မတီတို့၏ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဥတ္တရသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင် က လေးသူငယ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အမျိုးသမီးဘဝဖွံဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်ရရှိစေရေး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံနေရမှု ကင်းဝေစေရေး ဆောင်ရွက်ထားရှိမှုများအား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက မိမိတို့ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများနှင့် အမျိုးသမီးများ ဘဝဖွံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)