ဝမ်းတွင်း ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်ပိုးတွေ့လူနာနှင့်ထိစပ်မိသူအဖြစ်သတ်မှတ်ထားသူများအားRDT Test Kitဖြင့်စစ်ဆေး ဆောင်ရွက်ခဲ့ရာကိုဗစ်-၁၉ရောဂါပိုးရှိသူ(၂)ဦးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရ သည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများမှာ လေးမျက်နာကျေးရွာမှ အသက်(၆၉)နှစ် အရွယ် အမျိုးသားတစ်ဦး၊ အသက်(၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ပိုးတွေ့လူနာ(၂)ဦးမှာ ဇွန်(၇) ရက်ကမန္တလေးမြို့၊ မြို့တော်ဆေးရုံတွင် ပိုးတွေ့ရှိခဲ့သော လေးမျက်နာကျေးရွာနေ အမျိုးသမီး၏မိသားစုဝင်ဖြစ်ပြီးလေးမျက်နာကျေးရွာFacility Quarantineဝင်ရောက်၍ ယနေ့တွင်RDT Test Kitဖြင့်စစ်ဆေးခဲ့ရာမှကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်းနှင့် ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)