သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရေပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်

 

သုံးခွ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်()ရပ်ကွက်၊ အောင်မင်္ဂလာပိုင်းရှိ ပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ် စေရေးအတွက် ဧက(၁၀) သောက်သုံးရေကန်မှ နေအိမ်များသို့ရေပိုက်လိုင်းဖြင့် ရေများဖြန့် ဝေပေးနိုင်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အောင်မင်္ဂလာ ပိုင်းအတွင်း လမ်းမတစ်လျှောက် ခြောက်လက်မရေပိုက်၊ လေးလက်မရေပိုက် နှင့် သုံးလက်မ ရေပိုက်များ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။

အဆိုပါရေပိုက်လိုင်းများမှ နေအိမ်များသို့ရေပိုက်လိုင်းများဖြင့် သွယ်ယူပြီးပါကာ အမှတ် ၉ရပ်ကွက် အောင်မင်္ဂလာ ပိုင်းရှိပြည်သူများအတွက် သောက်ရေသုံးရေအား နေအိမ်အရောက် အခက်အခဲမရှိ အဆင်ပြေစွာ ရယူ သုံးစွဲ နိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခိုင်ကြည်သာလှက ပြောကြား သည်။

အဆိုပါ  ရေပိုက်လိုင်းသည် ခြောက်လက်မပိုက်(၁၈၈၅)ပေ၊ လေးလက်မ ပိုက်(၁၉၀၀)ပေနှင့် သုံးလက်မ  ရေပိုက် (၁၀၈၀) ပေ၊ စုစုပေါင်းအရှည်(၄၈၆၅)ပေ၊ ရှည်လျားပြီးမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခိုင်ကြည်သာလှနှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးထွန်းထွန်းလင်းတို့က ကွင်းဆင်း ကြီးကြပ်ကာ လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။ ရေပိုက်လိုင်းများ သွယ်တန်းပြီးစီးသွားပါက အိမ်ခြေ(၁၅၀)ခန့်အား နွေရာသီတွင် အောင်မင်္ဂလာ(၁၀) ဧကရေကန်မှ အိမ်သွယ်ရေတိုင်များသို့ရေဖြန့်ဝေပေးနိုင် မည်ဖြစ်ကြာင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်