တောင်ကုတ် ဇွန် ၁၄ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီတိတိအချိန် တောင်ကုတ်မြို့ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးစေတီတော်၏ ဓမ္မဝိ ဇယသာသနာ့ဗိမာန်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ် ဩဝါဒ စရိယ ဗောဓျာရာမကျောင်းတိုက်ဆရာတော်ကြီးမှ သရဏီကထာမြွက်ကြားချီးမြှင့်တော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သာသနာရေး ဆိုင်ရာကိစ္စရပ်များလျှောက် ထားကာ ဩဝါဒစရိယဆရာတော်၊ကြီး ကြပ်ရေး ဆရာတော် (၁၁)ပါးနှင့်၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင် ခဲ့ကြသော ပထမကြီးတန်း(၃)ပါး၊ ပထမလတ်တန်း (၃)ပါး၊ ပထမငယ်တန်း(၅)ပါး၊ အခြေပြုမူလတန်း (၂၃)ပါး၊ စုစုပေါင်း (၃၄)ပါးတို့အား စုစု ပေါင်း (၇၉)သိန်းကျော် နှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စေတနာရှင်အလှူရှင်များမှလည်းဆက်လက် ကပ်လှူကြကာ ရှင်သန်ရေး ကူညီမှုပရဟိတအသင်းမှ စာအောင်ဆုများ ဆက်ကပ်နိုင်ရေး အတွက် ငွေပဒေသာပင်ကျပ် (၅)သိန်းအားစိုက်ထူပေးကာအခမ်း အနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ နယ်မြေခံတပ်မမိသားစုများရပ်ကွက်အုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်း အဖွဲ့များ စေနာရှင်အလှူ ရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ စန်းဝင်း