ပေါင်းတည် ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်း များနှင့်စာပေချစ်သူစာဖတ်ပရိတ်သတ်များက စာရေးဆရာ အောင်သင်းရေးသားသော ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်းဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်