ကွမ်းခြံကုန်း ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ကတောင်ကုန်းကျေးရွာ တွင် ကွင်းဆင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦး ရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအားဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွေ့ပြောင်း နေထိုင် သူများ မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိ ဒေသတွင် ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ် ထောင်စုလူဦး ရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများအားဆောင်ရွက်ပေးခြင်း၊ နည်းလမ်းများ ဖြင့် (၁၆နှစ် မှ ၁၈နှစ်ထိ) နှင့်( ၁၈နှစ်မှအထက် ) ရှိသူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြား ဆောင်ရွက် ပေးလျှက်ရှိပါ သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု( ၄၃ )အုပ်စုနှင့်ကျေးရွာ ပေါင်း(၁၃၅)ရွာရှိရာ ယမန်နေ့အထိရပ်ကွက်(၇)ရပ်ကွက်နှင့်ကျေးရွာ(၂ )ရွာမှ ၁၈နှစ်နှင့်အထက်(၂၃၂)ဦး နှင့်၁၆နှစ်နှင့် ၁၈ထိ(၂၇၆)ဦး၊ စုစုပေါင်း(၅၀၈)ဦး ဆောင်ရွက်ပြီးကြောင်း ကဒ်ပြားများကို ပြည်သူလက်ဝယ် အထိပေးအပ်ခဲ့ပြီး ကျန်ရှိသော ရပ်ကွက် / ကျေးရွာများသို့ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့်ယင်းစီမံချက်အား( ၁၈ )လ ကြာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ် ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ မြို့နယ် ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)