သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုက်မရော  ဇွန်    ၁၅ 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် တစ်ခု ဖြစ် သည့် ရေကြီးနှစ်မြှပ်ခြင်းအန္တရာယ်ဘေးမှ  ကြိုတင်ကာကွယ်နိုင်ရေးအတွက်  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။ 

ရှေးဦးစွာ ကျိုက်မရောမြို့နယ်  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်စိုးဦးက သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေးရာတွင် ကျိုက်မရောမြို့နယ်သည် မိုးများသောဒေသတစ်ခုဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းသော ကာလများတွင်   အတ္ထရံမြစ်ရေ    မြှင့်တက်ကာ ရေကြီး၊ ရေလျံမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့်   သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကယ်ဆယ်ရေးစခန်းများ  အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြား ဆွေးနွေးခဲ့သည်။ 

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြ ချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ နှစ်စဉ်ရေကြီး၊ ရေလျံမှုများ ဖြစ်ပွားလေ့ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စု (၁၄) အုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး