ကျောက်ဆည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာ၌ မိုပိုထိရောက်စေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (RC-၂ထပ်) လက်တွေ့သင်ကြားရေးအလုပ်ရုံသစ်တစ်ခု ဆောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ (RC-၂ထပ်) လက်တွေ့သင်ကြားအလုပ်ရုံသစ်သည် အလျား(၁၃၀)ပေ၊ အနံ(၆၀)ပေရှိပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၄၁၄)ဖြင့် ၂၀၂၁-ခုနှစ်၊ ဇန်နဝါရီ(၂၄)ရက်နေ့တွင် ဆွေမင်းဘိုဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး စတင်ဆောက်လုပ်လျက်ရှိကြောင်း ယခုအခါ လုပ်ငန်းများ (၃၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းသည် မြေဧက(၅.၇၆)ဧက ကျယ်ဝန်းပြီး စာသင်ကျောင်းဆောင်(၆)ဆောင်၊ လက်တွေ့သင်ကြားရေးအလုပ်ရုံ(၂)ခုဖြင့် ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများ၏ မထမနှစ်ဝက် ပညာသင်နှစ်အား သင်ကြားပေးလျက်ရှိပြီး ယခုဆောက်လုပ် ပေးလျက်ရှိသော လက်တွေ့အလုပ်ရုံသစ် ပြီးစီးသွားပါက သင်ကြား၊ သင်ယူမှုများ ပိုမိုမြန်ဆန် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)