ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံ

မိုင်းရယ်    ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပညာရေးဝန်ထမ်း(၄၁)ဦး၊ အခြားဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် မိသားစုဝင် (၉)ဦး တို့ကို ဇွန်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းရယ်မြို့ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသည်။

ရှေးဦးစွာ ကိုဗစ်ကာကွယ်ဆေးမထိုးမီ ဆေးစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါရှိ၊မရှိကို  မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများမှ  စစ်ဆေးခြင်းများပြုလုပ်၍ ဆေးထိုးရန်သင့်လျော်သူများအား ကာကွယ်ဆေးထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုးအောင်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်း ရရှိသည်။

မြို့နယ်( ပြန်/ဆက်)