စလင်း ဇွန်၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် စလင်းမြို့နယ် ကူတိုကျေးရွာနှင့် ဖောင်လင်းကျေးရွာချင်းဆက် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဒေသခံပြည်သူများရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
စလင်းမြို့နယ် ကူတိုကျေးရွာနှင့် ဖောင်းလင်းကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းသည် အရှည်ပေ(၁.၉၁) Km အား မတ်လ ၂၅ ရက်နေ့မှစတင်ခင်းကျင်းရာ ယခုအခါ ၉ ဖာလုံ (၃၆၃) ပေပြီးစီးကာ ယခင်က မြေနီကျောက်စရစ်လမ်းဖြစ်၍ မိုးရေတိုက်စားကာ အချို့နေရာများတွင် လမ်းများပျက်စီးကာ ဒေသခံပြည်သူများသွားလာရာ၌ အခက်အခဲများရှိ ကာ ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံငွေရင်းရန်ပုံငွေကျပ် ၂၀၉.၀၀သန်း အကုန်ကျခံကာ လမ်း အကျယ် ၁၂ ပေ ဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိရာ ယခုအခါ ၉ ဖာလုံ (၃၆၃) ပေ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းကို စံရွှေမိုးကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ခြင်းဖြစ်ပြီး ယင်းလမ်းပြီးစီးသွားပါက ဖောင်လင်း ကျေးရွာတဝိုက်ရှိ ဒေသခံပြည်သူများ ရာသီမရွေးသွာလာနိုင်မည်ဖြစ်သည်။
မောင်လွင်(စလင်း)