ဇေယျာသီရိမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဇေယျာသီရိ ဇွန် ၂၁

 

ဇေယျာသီရိမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က  ဇေယျာသီရိမြို့နယ် ဒုံတောဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ     မြန်မာနိုင်ငံကြက်ခြေနီအသင်း နေပြည်တော် ၊   ဥတ္တရခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်းက Covid- 19 အရေးပေါ်ကာလအတွင်း ကပ်ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ ရှေးဦးပြုစုခြင်း အခြေခံဘာသာရပ်များ သင်ကြားပို့ချရခြင်း၏ ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်၍ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ ဇေယျာသီရိမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဌေးလှိုင်တို့က သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများနှင့် ကြက်ခြေနီတပ်ဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်လ(၂၁)ရက်နေ့မှ(၂၃)ရက်နေ့ထိ ကြက်ခြေနီအခြေခံမူများ ၊ ရှေးဦးပြုစုခြင်း  သဘောတရား  နှင့် ရှေးဦးပြုစုသူများ၏ တာဝန်ဝတ္တရားများ၊ ရှေးဦးပြုစုခြင်း အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို  စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှ  သင်တန်းသား(၂ဝ)ဦး နှင့် သင်တန်းသူ(၁၅)ဦး  စုစုပေါင်း(၃၅)ဦး တက်ရောက်ကြောင်း သိရသည်။

မြစန်းရီ (ပြန်/ဆက်)