သတင်းများ

မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု (၄၇၆၈)စုအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် တတိယအကြိမ်ထောက်ပံ့ငွေ များကို စက်တင်ဘာ ၁၈ရက်နေ့မှစ၍ ယမန်နေ့အထိ ပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Sep 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာတွင် မျိုးမြေပဲစိုက်ပျိုးသူများ ဈေးကောင်းရရန် မျှော်လင့်
Sep 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်‌ကျေးရွာတွင် မျိုးမြေပဲ စိုက်ခင်းများ အောင်မြင်ထွန်း၍ အထွက်နှုန်း ကောင်းသော်လည်း ဈေးကောင်းရရန် မျှော်လင့်လျက်ရှိ‌ကြောင်းသိရသည်။
မေတ္တာမြို့၌ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Sep 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးခဲ့ကြသည်။
ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 23,2020
ကျေးလက်နေပြည်သူများ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်
Sep 23,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ငွေကျပ် ၂ သောင်းအား ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ပေး
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေး အတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခန့် က နားခိုက်ကျေးရွာအုပ်စု၊ နားသံကျေးရွာအုပ်စုနှင့် ပုံးအင်းကျေးရွာအုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ကွင်းဆင်းထောက်ပံ့ ပေးခဲ့သည်။