ရိခေါ်ဒါရ် ဇွန် ၂၁
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှု စောင့်ကြည့်စစ်ဆေးခြင်းနှင့် RDT Test Kit စစ်ဆေးခြင်းကို ယနေမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးနိုင်ရေး၊ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ ပူးပေါင်းစောင့်ကြည့်စစ်ဆေးရေး ဆောင်ရွက်ရာတွင် ကလေးမြို့နှင့် တီးတိန်မြို့ဘက်မှ ရိခေါ်ဒါရ်မြို့သို့ မြို့အဝင်ဂိတ်၌ ကျန်းမာရေးဌာနနှင့်အတူ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့အစည်း များပူးပေါင်းပြီး အခြားဒေသမှ ရိခေါ်ဒါရ်မြို့သို့ လာရောက်သည့် လူနှင့် ယာဉ်များအား ကျန်းမာရေးအခြေအနေစစ်ဆေးသည့်အပြင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ရောဂါပိုးတွေ့ရှိ ခြင်းမရှိသူများအား မြို့တွင်းသို့ ဝင်ခွင့်ပြုပေးမည် ဖြစ်ပြီး RDT Test Kit စစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ဆေးရုံ (သို့မဟုတ်) Quarantine Centre များသို့ အသွားအလာကန့်သတ်စောင့်ကြည့်ပြီး ဆေးကုသမှုခံယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်လူငယ်များမှ စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား RDT Test Kit ဖြင့်စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၄၇)ဦးရှိကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)