ဝိုင်းမော်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဝိုင်းမော်  ဇွန်  ၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၁ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၂)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေနေရာတွင် ကျင်းပပြုလုပ် ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မင်းဦနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့် အဖွဲ့ဝင်များ၊ ဝိုင်းမော်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များအား ပျိုးပင်များအသီးသီးပေးအပ်ကာ တက်ရောက်လာသူများမှ သတ်မှတ်နေရာ အသီးသီးတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြပြီး အဆိုပါ ဝိုင်းမော်မြို့နယ်၏ ၂၀၂၁ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ပျဉ်းကတိုးပျိုးပင်(၂၀၀)ပင်နှင့် ဒေသရင်း သစ်မာပျိုးပင် ပေါင်း(၂၇၅)ပင်အား စိုက်ပျိုးခဲ့ကြသည်။

 ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၁ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်(၁၂)ရက်က ပထမအကြိမ် အဖြစ် မိုင်းနားကျေးရွာ၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော ပုရဝုဏ်တွင် ပျိုးပင်ပေါင်း(၁၈၇)ပင်အား စိုက်ပျိုးခဲ့ပြီး ယခုစိုက်ပျိုးမှုမှာ ဒုတိယအကြိမ်အဖြစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)