မြိတ်မြို့တွင် နိကာယ်စာမေးပွဲ ကျင်းပ

မြိတ်    ဇွန်     ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိကာယ်စာမေးပွဲကို မြိတ်စာဖြေဌာနအဖြစ် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၂၁)ရက် နေ့လယ်ပိုင်းမှ စတင်၍ ကျင်းပလျက်ရှိရာ သံဃာတော် နှင့် သီလရှင်များ ဝင်ရောက် ဖြေဆိုလျက် ရှိကြသည်။

နိကာယ်စာမေးပွဲကို ဇွန်လ(၂၁)ရက်မှ (၂၅)ရက်အထိ နေ့စဉ် နေ့လယ်(၁)နာရီမှ ညနေ(၅)နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါစာမေးပွဲကို အုပ်စု(၁)မှအုပ်စု(၉)အထိ နေ့စဉ်ဘာသာရပ်များအလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် အုပ်စု(၁)၌ ပါရာဇိကပါဠိ၊ အုပ်စု(၂)၌ သီလက္ခန္ဓဝဂ္ဂပါဠိ၊ အုပ်စု(၃)၌ မူလပဏ္ဏာ သပါဠိ၊ အုပ်စု(၅)မှ ဧကကမှစတုက္ကနိပါတထိ စသောဘာသာရပ်များကို သံဃာတော်(၁၆)ပါးနှင့် သီလရှင်(၂)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

အဆိုပါစာမေးပွဲများကို ဩဝါဒစရိယဆရာတော်(၉)ပါး၊ အထူးကြီးကြပ်ရေးဆရာတော်(၆)ပါးနှင့် စာမေး ပွဲကြီးကြပ်ရေးအဖွဲ့တွင် ဆရာတော်(၅)ပါး၊ ခရိုင်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြသည်။  နိကာယ်စာမေးပွဲကို (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု(၁)မှအုပ်စု(၉)အထိ နေ့စဉ် ဘာသာရပ်များအလိုက်  စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း  သာသနာရေးဦးစီးဌာနမှ သိရသည်။

ခိုင်ထူး