ဒဂုံမြောက် ဇွန် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန်နှင့် သာသနာ့အာဇာနည်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၂) ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် များနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ် အစိုးရနိကာယ်စာမေးပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စာဖြေဌာနတွင် မဟာဝိဒူတန်းနှင့် ဝိဒူတန်း စာမေးပွဲများကို ၂၁.၆.၂၀၂၁(တနင်္လာနေ့)မှ ၂၅.၆.၂၀၂၁ (သောကြာနေ့) အထိ နေ့စဉ်မွန်းလွဲ(၁)နာရီမှ ညနေ(၅)နာရီ အထိကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
၂၀၂၁ ခုနှစ် အစိုးရနိကာယ်စာမေးပွဲတွင် စာရင်းရှိမဟာဝိဒူတန်းတွင် ၁ ပါး ဝိဒူတန်းတွင် ၄၇ပါး၊ သီလရှင်(၇)ပါး၊ စုစုပေါင်း သံဃာ/သီလရှင် (၅၅)ပါးရှိရာ ဝိဒူတန်းတွင် သံဃာ (၈)ပါးနှင့် သီလရှင်(၅)ပါးတို့ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။ အဆိုပါ စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ နှာခေါင်းစည်း Mask များ၊ လက်သန့် ဆေးရည်များ လှူဒါန်းခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာ လုပ်အားရှင်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ