ငါးသိုင်းချောင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊အင်းလျားကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရာ လူနှင့်တိရိစ္ဆာန်၊အသက်အန္တရာယ်ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် အဆိုပါ နေအိမ်ပြိုပျက်အိမ်ထောင်စု(၁)စုအား ကျေးရွာအတွင်းရှိနီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်၌ ယာယီရွှေ့ပြောင်း နေရာချ ထားပေးခဲ့ကြောင်းသိရသည်။
အဆိုပါလေဘေးသင့်နေအိမ်ပြိုပျက်အိမ်ထောင်စုသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း (Hygiene Kit) မိသားစုသန့်ရှင်းရေးသုံးပစ္စည်း(၁၉)မျိုးပါ ပုံး(၁)ပုံးနှင့် စောင်(၁)ထည်အား ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲကိုယ်စား၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ တာဝန်ရှိသူများနှင့်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် လေဘေးသင့်နေအိမ်ပြိုပျက်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)