တောင်ငူမြို့၌ ၂၀၂၁ ခုနှစ် နိကာယ်စာမေးပွဲ ဖြေဆို

တောင်ငူ   ဇွန်   ၂၃

၂၀၂၁ ခုနှစ် နိကာယ်စာမေးပွဲကို တောင်ငူ မြို့နယ် စာဖြေဌာနအတွက် သာသနာ့ဟိတကာရီ ဗိမာန်တော်အတွင်း၌ ယနေ့မွန်းလွဲ(၁)နာရီက ဖြေဆိုကျင်းပရှိသည်။

အဆိုပါ နိကာယ်စာမေးပွဲဖြေဆိုရာတွင် အုပ်စုအလိုက် ပါရာဇိကပါဠိ၊ သီလက္ခန္ဓပါဠိ၊ အင်္ဂုတ္တရပါဠိ (ဧကတမှစတုတ္တနိပါတ ထိ)၊ ဓမ္မသင်္ဂနီပါဠိ၊ အုပ်စု(၁)ပါ စိတ္တိယပါဠိ၊ မဟာဝဂ္ဂပါဠိ(ဝိနည်း)၊ မဟာဝဂ္ဂပါဠိ(သုတ်) ၊ အင်္ဂုတ္တရပါဠိ (ပဉ္စကမှသတ္တကနိပါ တပါဠိထိ)၊ ဝိဘင်္ဂပါဠိ၊ စူဠဝဂ္ဂပါဠိ၊ ပရိဝါပါဠိ၊ ပါတိကဝဂ္ဂပါဠိ၊ အင်္ဂုတ္တရပါဠိ (အဋ္ဌကမှဧကာဒသကနိပါတပါဠိထိ) တို့ကို တောင်ငူ မြို့နယ်အတွင်းရှိ သံဃာတော်( ၂၈၄ )ပါး ဝင်ရောက်ဖြေဆိုကြပြီး မြို့နယ် သံဃနာယက ဆရာတော်​ကြီးများနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက အနီးကပ် ကြီးကြပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုနေချိန်အတွင် စာဖြေသံဃာတော်များ၏ ကျန်းမာရေး၊ ဝေယျာဝစ္စတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ခရိုင်သာသာရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)