ညောင်လေးပင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညေဲာင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဇွန်လ ၂၁ ရက် နေ့နံနက်ပိုင်းမှစတင်၍ ပင်စင်လစာငွေများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ထုတ်ပေး လျက်ရှိသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရေး အတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် အလှည့်ကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ပင်စင်လစာများ ထုတ်ပေးရာ၌ ယနေ့နံနက်ပိုင်း ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်တွင် အငြိမ်းစားဝန်ထမ်း ၃၆၃ ဦးခန့် ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိရာ အငြိမ်းစား ဝန်ထမ်းများ၏ ကျန်းမာရေးကိုမထိခိုက်စေရန် နေ့စဉ်ဘဏ်ဖွင့်သည့်နေ့တိုင်း နံနက် ၈ နာရီမှညနေ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ဇွန်လပင်စင်အား ဇွန်၂၁ ရက်မှဇူလိုင် ၂၀ ရက်နေ့ထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။