မင်းပြားမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

 

 

မင်းပြား  ဇွန်  ၂၃

         

 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကွင်းဆင်းဆောင် ရွက်လျှက်ရှိကြောင်း သိရ သည်။

 

 

အဆိုပါ ပန်းခင်းစီမံချက်နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာ၌ အသက်(၁၈) နှစ်ပြည့်ပြီး သူ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးသူများအား အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊အိမ်ထောင်စု လူဦးရေစာရင်းမရှိ သေးသူများ၊ ပျောက်ဆုံးပျက်စီးသူများ၊ အသစ်ပြန်လည်လျှောက်ထားသူများ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များနှင့်ပြည်သူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦးဆောင်သော ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက လို အပ်သည်များအား ကုညီဆောင်ရွက်အေးခဲ့ကြောင်းသိရှိရသည်။

ခင်မောင်ထွန်း