ကြံခင်းမြို့နယ် လမ်းဦးစီးဌာနမှ ကြံခင်း-ဆိပ်သာ-အကောက်တောင်လမ်းတွင် သစ်ပင်စိုက်ပျိုးခြင်းဆောင်ရွက်

ကြံခင်း  ဇွန်    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လမ်းဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကြံခင်း- ဆိပ်သာ- အကောက်တောင် လမ်း  မိုင်တိုင်အမှတ် ၉/၂ - ၉/၃ တွင် စိန်ပန်းပင် (၁၀၀)စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပိုပိုအေး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိဦးဌေးမြင့်အောင်၊ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ မြို့နယ်တရားရုံးနှင့် တာဝန် ရှိသူများ တတ်ရောက်စိုက်ပျိုးကြကြောင်း  သိရသည်။

 မြို့နယ်(ပြန်/ဆက်)